နောက်ခံသမိုင်းကြောင်း

အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)ကို ၂၀၀၉ ခုနှစ်၊ မေလ (၅)ရက်နေ့ တွင် အထက(၁)၊ ပုသိမ် ကျောင်း၀န်းအတွင်းရှိ စက်မှုကြိုသက်ဆောင်နှင့် စံပယ်ဆောင် တို့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ခေတ္တကျောင်းအုပ်ကြီးအဖြစ် ဦးမင်းမင်းအောင်၊ B.E(EP) မှ တာဝန်ယူ ဆောင်ရွက်ပြီး၊ ၂၀၁၀ခုနှစ် ဧပြီလ ၂၂ရက်နေ့မှစတင်၍လက်ရှိနေရာဖြစ်သောအမှတ်(၁၃)ရပ်ကွက်၊သို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းအုပ်ကြီးအဖြစ်ဦးအောင်ထိုက်သူ၊ဒုတိယညွှန်ကြားရေးမှူး၊M.E(EP)မှတာ၀န်ယူဆောင်ရွက်ခဲ့ပြီးယခုတွင်ကျောင်းအုပ်ကြီးအဖြစ်ဦးအေးမင်းထွန်းဒုတိယညွှန်ကြားရေးမှူး၊M.E(EP)မှတာ၀န်ယူဆောင်ရွက်လျက်ရှိပါသည်။.

ရည်မှန်းချက်

  • ဒေသတွင်းလိုအပ်ချက်နှင့်ကိုက်ညီသောဘာသာရပ်များလေ့ကျင့်သင်ကြားပေးရန်
  • ကျောင်းသားများ၏စိတ်ဝင်စားမှု၊ရည်မှန်းချက်များနှင်ကိုက်ညီသောသင်ယူလေ့လာမှု နည်းလမ်းကောင်းများညွှန်ပြပေးရန်
  • ကျောင်းသားများအတွက်အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာစေရန်

မျှော်မှန်းချက်

  • ဒေသအတွက်လိုအပ်သောအရည်အချင်းရှိ၍စည်းကမ်းကောင်းမွန်ပြီးကျွမ်းကျင်လူငယ်နှင့်ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်သောကျောင်းတစ်ကျောင်းဖြစ်လာစေရန်။

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သောကာလ
ဦးမင်းမင်းအောင်ME(EP)၅.၅.၂၀၀၉ မှ ၂၁.၂.၂၀၁၀ထိ
ဦးအောင်ထိုက်သူME(EP)၂၅.၂.၂၀၁၀ မှ ၂၄.၅.၂၀၁၈ထိ
ဦးအေးမင်းထွန်းME(EP)၄.၆.၂၀၁၈ မှ ယနေ့ထိ